ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန် ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပုံမှန် ကာကွယ်ဆေးထိုးနှံ


ပုလော၊ ဒီဇင်ဘာ   ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ယမန်နေ့ နံနက်(၈) နာရီက ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ဆေးထိုး/ဆေးတိုက်ရန် လာရောက် သည့် မိခင်နှင့်ကလေးငယ်များ ကိုယ်ဝန်ဆောင်များကို အပြင်ထွက်တိုင်း နှာခေါင်း စည်းစနစ် တကျ တပ်ဆင်စေခြင်း၊ လက်ဆေးဆပ်ပြာနှင့် လက်ကိုစနစ်တကျ ဆေးကြောစေခြင်း၊ ကိုယ် အပူချိန်တိုင်း တာပေးခြင်းများ ဆောင်ရွက်စေပြီး ဘက်စုံသားဖွား ဆရာမ ဒေါ်ခင်ဝင်းက မေးခိုင် ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက်တစ်နှစ် ခွဲနှင့် တစ်နှစ်အောက် ကလေးများအား ပုံမှန် ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သတင်း  - အေးအေးမော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)