၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးရာသီအတွက် ယူရီးယား ဓာတ်မြေသြဇာများအား တောင်သူများ ထံသို့ ဖြန့်ဖြူးပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးရာသီအတွက် ယူရီးယား ဓာတ်မြေသြဇာများအား တောင်သူများ ထံသို့ ဖြန့်ဖြူးပေးအပ်


ဟင်္သာတ၊ ဒီဇင်ဘာ  ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ် ၌ ၂၀၂၁-၂၀၂၂ ခုနှစ်  နွေစပါးရာသီအတွက် နိုင်ငံတော်မှ ထုတ်ဝေပေးသော ဓာတ်မြေသြဇာများအား နွေစပါးစိုက်တောင်သူများထံသို့ ပြန်လည်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းလွင်က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းလွင်ဦးက ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုများ အတွင်းရှိ နွေစပါးစိုက် တောင်သူများ (၄၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုဇော် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)