အောင်လံ၊ ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ရပ်ကွက်/ကျေးရွာ အုပ်စုများ တိုက်နယ်ခွဲ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို လူဦးရေ (၃၀၀၀၀) အား ပထမအကြိမ် စတင် ထိုးနှံခြင်းကို ယမန်နေ့ နံနက်(၉)နာရီက ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမှုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှထုတ်လုပ်သော (Sinopharm) ဆေး အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းထိုးနှံနိုင်ပြီး (၂၈)ရက်ပြည့်လျှင် ဒုတိယအကြိမ် ထိုးနှံပေးသွား မည်ဖြစ်ရာ ယမန်နေ့နံနက်ပိုင်းမှစတင်၍ (၁၀)ရက်အတွင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု တိုက်နယ် ဆေးထိုးစုရပ်(၇)နေရာမှ ရဟန်းသံဃာနှင့် ပြည်သူစုစုပေါင်း(၃၀၀၀၀)ဦး တို့အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များက ပြည်သူများအဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်
သတင်း - မျိုးသိန်း (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق