တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တိုက်ကြီး၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု နှင့် ရောဂါကြောင့် သေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဦးစားပေးအစီအစဉ်အရ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ် ထားသော စုရပ်နေရာများတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ဦးစားပေးအုပ်စုများအတိုင်း ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာလ ၂၉ ရက်နေ့ တွင် အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ စုရပ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသူ အသက်၁၈ နှစ်အထက်ပြည်သူ  (၈၂၃)ဦး၊ ဒုတိယအကြိမ် လာရောက်ထိုးနှံသူ အသက် ၅၅ နှစ်အထက် ပြည်သူ (၁၁၅၂)ဦး စုစုပေါင်း (၁၉၇၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက် ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံရာတွင် အသွားအလာ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား QR Code စနစ်ပါဝင်သည့် စာရွက်များ ပြန်လည်ပေးအပ်ခြင်းတို့ကို  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)