Pages

Pages

ကျေးရွာအုပ်စုအတွင်းမှ ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများ စတုတ္ထသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၉၅) ဦးရှိ


နောင်တရား၊ ဒီဇင်ဘာ   ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ် ကျေးရွာအုပ်စု တီကျစ် အ.ထ.က ကျောင်း၌ အသက်(၁၈)နှစ်အထက် ကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူများ စတုတ္ထသုတ်ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၉၅)ဦး ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများအတွင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို စတုတ္ထသုတ်၊ ပထမ အကြိမ်အဖြစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် တီကျစ်အ.ထ.ကကျောင်း၌ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူ (၄၉၅)ဦး ရှိသည်။ တီကျစ်ကျေးရွာ အုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ လုံးပိုးကျေးရွာ အုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာ အုပ်စု အတွင်းမှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများကို တီကျစ် အ.ထ.က ကျောင်းစုရပ်၌ ဒီဇင်ဘာ ၁ ရက်နေ့တွင် ထပ်မံထိုးပေးသွားမည်ဟု သိရသည်။

သတင်း - ခွန်အောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق