အမေရိကန်နိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိပြီးနောက် ရေနံဈေးကျဆင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်နိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိပြီးနောက် ရေနံဈေးကျဆင်း



နယူးရောက်၊ ဒီဇင်ဘာ ၂

COVID-19 ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) တွေ့ရှိမှုကြောင့် ကုန်သည်များအနေဖြင့် လောင်စာဝယ်လိုကျဆင်းမည်ကို စိုးရိမ်သောကြောင့် နိုဝင်ဘာ ၁ ရက်တွင် ရေနံဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရသည်။ 

နယူးရောက် စတော့အိတ်ချိန်း တွင် ရေနံစိမ်းတစ်စည်လျှင်အမေရိကန်ဒေါ်လာ  ၆၅.၅၇ဒေါ်လာ ရှိပြီး တက္ကဆက်ပြည်နယ် အနောက်ပိုင်း၌ ဇန်နဝါရီ လလယ်တွင် တင်ပို့မှုအတွက် စာရင်းရှင်းရာတွင် အမေရိကန်ဒေါ်လာ ၆၁ ဆင့်ဈေးကျခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလအတွက် Brent ရေနံစိမ်းသည် လန်ဒန် ICE Futures Exchange တွင် တစ်စည်လျှင် ၆၈ ဒသမ ၈၇ ဒေါ်လာဖြင့် ၃၆ ဆင့် အထိ ဈေးကျဆင်းသွားသည်။

"အိုမီခရွန်  ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်ပွားနေပြီး ရေနံဝယ်လိုအားအပေါ် အလားတူအကျိုးသက်ရောက်မှုရှိနိုင်ခြေနှင့်ပတ်သက်၍ ထိတ်လန့်နေပုံပေါ်သည်’’ ဟု Commerzbank Research မှ စွမ်းအင်လေ့လာဆန်းစစ်သူ Carsten Fritsch ကဒီဇင်ဘာ ၁ ရက်တွင်  မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် COVID-19 ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်သော အိုမီခရွန်  ပထမဆုံးအတည်ပြုလူနာကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများနှင့် ဒေသအများအပြားတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး အစိုးရများသည် ကန့်သတ်ချက်များကို တင်းကျပ်ကာ ခရီးသွားလာခွင့် ပိတ်ပင်မှုအသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)