သီပေါမြို့နယ်တွင် အောက်ဆီဂျင်အခမဲ့ ပေးဝေနိုင်ရန် အလှူငွေများလှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

သီပေါမြို့နယ်တွင် အောက်ဆီဂျင်အခမဲ့ ပေးဝေနိုင်ရန် အလှူငွေများလှူဒါန်း


သီပေါ၊ ဒီဇင်ဘာ  ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံတွင်  ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက်ဆေးကုသမှုခံယူနေသော လူနာများနှင့်  အောက်ဆီဂျင်လိုအပ်လျက်ရှိသော အခြားလူနာများအတွက် အောက်ဆီဂျင်အခမဲ့ပေးဝေနိုင်ရန်  အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက  သီပေါမြို့မဟာမြတ်မုနိဘုရားကြီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့မှ အလှူငွေ(၅)သိန်းအား လှူဒါန်းရာ သီပေါမြို့  FREE OXYGEN HSIPAW ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ဘဏ္ဍာငွေထိန်းသိမ်းရေး ကော်မတီဝင် မဟာမြတ်မုနိဘုရားကြီး ကျောင်းထိုင်ဆရာတော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအား ၂၀၂၁ ခုနှစ်ဇူလိုင်လမှ စတင်ဆောက်လုပ်ခဲ့ပြီး  အောက်တိုဘာလမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံအတွက် လိုအပ်သောအောက်ဆီဂျင်များကို ထုတ်လုပ် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် အခမဲ့ပေးနိုင်ရေးအတွက် အလှူရှင်များမှ လစဉ်လှူဒါန်းလျက်ရှိရာ ဒီဇင်ဘာလအတွက်လည်း အောက်ဆီဂျင်အခမဲ့ပေးဝေနိုင်မည်ဖြစ်ကြောင်းနှင့် မည်သူမဆိုကုသိုလ်ပါဝင် လှူဒါန်းနိုင်ပါကြောင်း သီပေါမြို့  FREE OXYGEN HSIPAW အဖွဲ့မှသိရသည်။

သတင်း - ခင်လေး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)