တပ်မတော်ထောက်ခံသည့် မိသားစုကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းအနိုင်ကျင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်မတော်ထောက်ခံသည့် မိသားစုကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းအနိုင်ကျင့်



မှော်ဘီ၊ ဒီဇင်ဘာ ၃

မော်မှီမြို့နယ်၊ သံသေပင်ရပ်ကွက်နေ တပ်မတော်ထောက်ခံသည့် မိသားစုအား ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက မင်းမဲ့စရိုက်ဆန်ဆန် နေအိမ်ထဲ ဝင်ရောက်ထိုးကြိတ် စော်ကားသွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။


မှော်ဘီ သန္နေပင်ကျေးရွာအုပ်စု၊ ထိန်စွန်းကျေးရွာတွင် နေထိုင်သူ ကိုရဲဇော်အား ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက မင်းမဲ့စရိုက်ဆန်စွာ လာရောက် ရိုက်နှက်ထိုးကြိတ်ပြီး ငှားရမ်းနေထိုင်သည့် နေအိမ်မှ ပြောင်းရွှေ့ရန်၊ အိမ်ရှင်ကိုလည်း ပြောင်းရွှေ့ခြင်းမရှိပါက နေအိမ်ကို မီးရှို့မည်ဟု ခြိမ်းခြောက်သွားသဖြင့် အိမ်ရှင်က မနက်ဖန် ပြောင်းရွှေ့ရန် ပြောဆိုနေကြောင်း သိရသည်။


လွန်ခဲ့သော ရက်ပိုင်းအတွင်းက ၎င်းနေထိုင်ရာ လမ်းအတွင်း NLD, PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်မှုနှင့် ပတ်သက်၍ တပ်မတော် လုံခြုံရေးတပ်ဖွဲ့များက လာရောက် ရှာဖွေစဉ် ကိုရဲဇော်က သားဖြစ်သူမွေးနေ့အတွက် လမ်းထိပ်တွင် မုန့်ထွက်ဝယ်ရင်း မတ်တပ်ရပ်နေရာ ဘာလုပ်နေတာလဲ မေးသဖြင့် ဘာမှ မလုပ်ကြောင်း၊ ဘာဖြစ်လို့ပါလဲဟု ပြန်လည်မေးမြန်းရာ တပ်မတော်အရာရှိများက ဘာမျှမပြောဘဲ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဘာဖြစ်လို့လဲ ပြန်မေးတဲ့ကောင် ရိုက်ဟု တိုက်တွန်းပြောဆိုကြောင်း၊ ကိုရဲဇော်က တပ်မတော်ထောက်ခံသူဖြစ်ကြောင်း တပ်မတော်သားများကို ကောင်းမွန်စွာ ရှင်းပြခဲ့သည်ကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရမယ်ရှာ၍ လာရောက် စော်ကားထိုးကြိတ်ခြင်းဖြစ်ကြောင်း သိရသည်။


ကိုရဲဇော်မှာ ထိုးကြိတ်ခံထားရပြီး ဇနီးနှင့် ကလေးမှာလည်း မင်းမဲ့စရိုက်ဆန်ဆန် ပြုလုပ်နေသည့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ လုပ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေကြရသည်။


Oppa Ko Ko အမည်ဖြင့် facebook အသုံးပြုသူက မြန်မာနေရှင်နယ်ပို့စ်က ဖော်ပြထားသည့် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စောရူး သတင်းသေချာမသိဘဲ တင်ချင်ရာ တင်မနေနဲ့ ၊ သေချာစုံစမ်း ဟု မှတ်ချက် ရေးသားသွားသည်။

Oppa Ko Ko အမည်ဖြစ် facebook အသုံးပြုသူက မြန်မာနေရှင်နယ်ပို့စ် အယ်ဒီတာအဖွဲ့ဝင်တစ်ဦးထံ "သတင်းမှားနေပါတယ်။ ထိုင်းက ပြန်လာသူပါ။ အိမ်ငှားနေပါတယ်။ ဧည့်စာရင်းနဲ့ပါ။ ဒါးပိုင်သောင်းကျန်းနေလို့ ရပ်ကွက်ရာမှူးများမှ တိုင်ကြားခြင်းဖြစ်၊ အခရအဖွဲ့မှ ဒါးအား ဝင်ရောက်လုယူခြင်းသာဖြစ်၊ ဖမ်းတဲ့အဖွဲ့မှာ ပါ ပါတယ်၊ သူပြောတဲ့အသံဖိုင် အုပ်ကြီးဆီမှာ ရှိပါတယ်။" ဟု မက်ဆေ့မှ ရေးသားပြောဆိုထားသည်။


ကာယကံရှင် ကိုရဲဇော်က "ကိုနောင်တော်လေး ကျွန်တော်တို့ မိသားစု ခြိမ်းခြောက်ခံနေရတာ။ ဒီကနေ ထွက်သွားပြီးမှပဲ တစ်ခုခု ပြန်စီစဉ်လို့ရမှာ။ ဥပဒေမဲ့ အုပ်လိုက် ဝိုင်းအနိုင်ကျင့်တာ" ဟု ပြောသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)