ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ




တောင်ကြီး၊ ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၇/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက ကိုဗစ်-၁၉ ရောဂါ အနေဖြင့် (၁၆/၂၀၂၁) အစည်းအဝေးတွင် ရှမ်းပြည်နယ်သည် Stay at home (၁၀)ခုတွင် (၁၀)မြို့နယ်ကို stay at home ရုပ်သိမ်းပေးပြီး တာချီလိတ်(၁)ခုသာ ကျန်ရှိကြောင်းကို ကြေငြာပြီးဖြစ်ပါကြောင်း၊ ကိုဗစ် -၁၉ ပိုးတွေ့ရှိမှု မှာလည်း (၃%)ရာခိုင်နှုန်းသာကျန်ပြီး တောင်ကြီးမြို့ပေါ်တွင် (၁%)သာ ကျန်ရှိပါကြောင်း၊ ရောဂါ အနေအထား ကျဆင်းသော်လည်း အားလုံးက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် လိုအပ်ပါကြောင်း၊ တတိယလှိုင်းတွင် ကိုဗစ်-၁၉ Delta plus ရောဂါပိုးကို ခံစားခဲ့ရပါကြောင်း၊ တောင်ကြီးမြို့ပေါ်၌ သြဂုတ်လတွင် သေဆုံးမှု များပြားခဲ့ပြီး နိုဝင်ဘာလတွင် အားလုံး စုစုပေါင်း (၂၁၃)ဦး သေဆုံးပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ (၅၅) ဦး၊ ကိုးဆယ့်ခြောက်ပါး ရောဂါဖြင့် (၁၄၈)ဦးမှာ တောင်ကြီးမြို့ပေါ်အတွင်း သေဆုံးမှု အနေအထား ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ တောင်ကြီးမြို့ပေါ်တွင် ကျဆင်းမှုအနေအထား လက္ခဏာဖြစ်ပါကြောင်း၊ စတုတ္ထလှိုင်း ဝင်ရောက်လာသည့်အတွက် ကော်မတီဝင်များ အနေဖြင့် ပေါ့ဆလို့မရကြောင်း၊ မိမိကိုယ်ကို ဂရုစိုက်ရန်၊ ကိုယ်ခံအားကောင်းရန်နှင့် ကြိုတင်ပြင်ဆင်ထားရန် မိမိဌာနဆိုင်ရာများက လိုက်နာကြရန် လိုပါကြောင်း၊ လူစုလူဝေးများပါက mask တပ်ကြရန်၊ လက်ကို မကြာခဏဆေးပေးရန် လိုပါကြောင်း၊ သတ်မှတ်ထားသည့် SOP အတိုင်းအရက်ပျံများ၊ mask များတပ်ဆင်မှုတို့ကို မဖြုတ်ရန်နှင့် လိုက်နာကျင့်သုံးရမည်ဖြစ်ပြီး အရေးပေါ်တုံ့ပြန့်ရေးကော်မတီအဖွဲ့ဝင်များ အနေဖြင့် မိမိဌာနဆိုင်ရာများ အားလုံးကို ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် ဌာနတစ်ခုမှ စည်းကျိုးပေါက်ပါက ဆက်စပ်သည့်ဌာနများကို ကူးစက်နိုင်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဆေးထိုးမှုတွင်လည်း တက္ကသိုလ်တွင် အသစ်ခန့်ထားသည့်ဆရာ၊ ဆရာမများ၊ ကျောင်းများ ပြန်လည်ဖွင့်တော့မည် ဖြစ်၍ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံကျောင်းသား၊ ကျောင်းသူများနှင့် ဈေးများဖွင့်လှစ်ပါက ဈေးသူ၊ ဈေးသားများ ဆေးထိုးပေးရမည်ဖြစ်ကြောင်း၊ လိုအပ်သည်များ ရှိပါက အားလုံးဝိုင်းဝန်း ကြိုးစားပေးကြရန် ပြောကြားသည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် နီလင်းအောင်က ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်မှုနှုန်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး အစည်းအဝေး တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးများ၊ ကော်မတီ အဖွဲ့ဝင်များ၊ ပအိုဝ်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူးများ၊ တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူးတို့မှ ကိုဗစ်-၁၉ ရောဂါ ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ကော်မတီဝင်များနှင့် ပအိုဝ်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသ၊ တောင်ကြီးခရိုင်ရှိ မြို့နယ်များမှ ဆွေးနွေးတင်ပြချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)