လူအသေအပျောက်ရှိခဲ့သော ယာဉ်မတော်တဆမှုတွင် ၎င်း၏ယာဉ်မောင်း၏ပါဝင်ပတ်သက်မှုကြောင့် ပေါ်တူဂီဝန်ကြီး ရာထူးမှနုတ်ထွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လူအသေအပျောက်ရှိခဲ့သော ယာဉ်မတော်တဆမှုတွင် ၎င်း၏ယာဉ်မောင်း၏ပါဝင်ပတ်သက်မှုကြောင့် ပေါ်တူဂီဝန်ကြီး ရာထူးမှနုတ်ထွက်



လစ်စဘွန်း၊ ဒီဇင်ဘာ ၄ 

 ပေါ်တူဂီနိုင်ငံ ပြည်ထဲရေး ဝန်ကြီး Eduardo Cabrita သည် လူအသေအပျောက်ရှိခဲ့သော ယာဉ်တိုက်မှုတွင် ၎င်း၏ ယာဉ်မောင်းပါဝင်ပတ်သက်မှုနှင့် ပတ်သက်၍ ပြည်သူ့အစိုးရရှေ့နေရုံးက စွပ်စွဲချက်တင်ပြီးနောက် ဒီဇင်ဘာ ၃ ရက်တွင်  ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် အန်တိုနီယို ကော့စတာ (Antonio Costa) နှင့် တွေ့ဆုံပြီးနောက် Cabrita သည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ကို သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူများ၏ “အစားထိုး၍မရသောဆုံးရှုံးမှု” အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။

 “လုံးဝသည်းမခံနိုင်တဲ့ နိုင်ငံရေးအသုံးချမှုကို အစိုးရရဲ့ လုပ်ဆောင်ချက်ကို အပြစ်ပေး အရေးယူဖို့ လက်ရှိမူဘောင်ထဲမှာ ထည့်သွင်းထားခြင်းကို ကျွန်တော်ခွင့်မပြုနိုင်ပါဘူး။ ကျွန်တော် ဝန်ကြီးအဖြစ် တာဝန်တွေကနေ နုတ်ထွက်ဖို့ ပြောဆိုခဲ့ပါတယ်” ဟု ၎င်းက လာမည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား ရည်ညွှန်း၍ ပြောကြားခဲ့သည်။ 

အဆိုပါ ဝန်ကြီး၏ယာဉ်မောင်းသည် တရားဝင်ခရီးစဉ်တစ်ခုအတွင်း လူတစ်ဦးသေဆုံးသွားသည့် ယာဉ်မတော်တဆမှုတစ်ခုတွင် “ဂရုမစိုက်ဘဲ လူသတ်မှုကျူးလွန်ကြောင်း” စွပ်စွဲခံထားရသည်။

Cabrita သည် ကော့စတာဦးဆောင်သော လူနည်းစုအစိုးရ တက်လာပြီးနောက် ၂၀၁၉ ခုနှစ်နှောင်းပိုင်းတွင် ရာထူးမှနုတ်ထွက်သည့် ဒုတိယမြောက် ဝန်ကြီးဖြစ်လာသည်။ ဘဏ္ဍာရေးဝန်ကြီးဟောင်း Mario Centeno သည် ၂၀၂၀ပြည့်နှစ် ဇွန်လတွင် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 


Ref - (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)