ရွှေပြည်သာမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ဆန်၊ ဆီ၊ ကြက်ဥများ ရောင်းချပေးလျက်ရှိ

 


ရွှေပြည်သာ၊ ဒီဇင်ဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ  ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ  အသင်းချုပ်၊ မြန်မာနိုင်ငံ  ဆန်စပါးအသင်းချုပ်တို့၏ ဦးဆောင်မှုဖြင့် ရွှေပြည်သာမြို့နယ်စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက အမှတ်(၁၁)ရပ်ကွက် (ပတ္တမြားဈေး)၊ အမှတ် (၁၉)ရပ်ကွက်နှင့် အမှတ်(၂၀)ရပ်ကွက်တို့တွင် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးရာတွင် ပြည်သူများဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း(၁) ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်လျှင်  ငွေကျပ်(၅၀၀၀/-)နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ်(၁၇၀၀/-)နှုန်းဖြင့် (၅)ပြည်အိတ်တစ်အိတ်လျှင် ငွေကျပ်(၈၅၀၀/-)နှုန်းဖြင့် လည်းကောင်း၊ ဆီ(၅၀)သား တစ်ဘူးလျှင် ငွေကျပ်(၁၈၅၀/-) ဖြင့် လည်းကောင်း၊ ကြက်ဥ(၁၀)လုံး တစ်ကတ်လျှင် (၁၃၀၀/-)ကျပ်ဖြင့်လည်းကောင်း ပြည်သူများအား ရွေ့လျားဈေးကားဖြင့် ရောင်းချပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ က  ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - အေးမိုး(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)