မုဒုံ၊ ဒီဇင်ဘာ ၂
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်၉ နာရီက မုဒုံမြို့နယ် ကော့ခပုံကျေးရွာသမိုင်းဝင် ဘင်လှိုင် ရွှေဆံတော် ဘုရားသို့ ရောက်ရှိ၍ ဖူးမြှော်ကြည်ညိုပြီး ဆရာတော် အဂ္ဂမဟာကမ္မဌာန် နာစရိယ ဘဒ္ဒန္တဥူးပါလိ ဆရာတော်အား ဖူးမြော်ကန်တော့ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ၁၉၄ ဒသမ၃၉ သန်းဖြင့် ဆောင်ရွက်မည့် ကော့ခပုံကျေးရွာ ဟောင်းကျေးလက် ကုန်ထုတ်လမ်း (၁/၆.၃)မိုင်လမ်းပေါ်ရှိ (၁၅ × ၁၄ )ပေ တံတားတစ်စင်း၊ (၂၅ ×၂၄)ပေ တံတားတစ်စင်းနှင့် Box Culvert (၆ ×၂၂) ပေ တစ်ခုတို့အား ဆောက်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မုဒုံမြို့နယ် နိုင်လှုံ-လက်တက် ကျေးရွာအုပ်စု၊ လက်တက်ကျေးရွာရှိ ခပ်ရခပ်ယူထိုင်တော်မူ ဘုရားကြီးသို့ သွားရောက်ဖူးမြော်ပြီး ၎င်းကျေးရွာရှိ မြေဧရိယာ ၃၆၇ ဒသမ ၂၇ ဧကအတွင်း စက်ရုံစုများ တည်ဆောက်နိုင်ရန် ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးပြီး မော်လမြိုင်-သံဖြူဇရပ် ကားလမ်းအား BOT စနစ်ဖြင့် ၄၈ ပေ အကျယ် လမ်းတိုးချဲ့ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - အောင်မျိုးသူ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق