ရန်ကုန်၊ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်းနှင့် မြို့နယ်စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ဆန်နှင့် ကြက်ဥများကို ဈေးကားဖြင့် ယနေ့၊ နံနက်ပိုင်းက င/ကရပ်ကွက်နှင့် ငမိုးရိပ်ရပ်ကွက်တို့တွင် ဈေးနှုန်းချိုသာစွာ ဖြင့် ရောင်းချပေးခဲ့သည်။
ရောင်းချရာတွင် ပေါ်ဆန်းမွှေးဆန် တစ်ပြည်လျှင် ၁၇၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ် ၉၉ အိတ်၊ ငစိန်ဆန် တစ်ပြည်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ဆန်အိတ် ၈၇ အိတ်နှင့် ကြက်ဥ ၁၀ လုံး တစ်ကတ်လျှင် ၁၃၀၀ ကျပ်နှုန်းဖြင့် ကြက်ဥကတ် ၁၃၅ ကတ် တို့ကို ရွေ့လျား မော်တော်ယာဉ်များဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။
အဆိုပါ ဈေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေဝနလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝင်များနှင့် စည်ပင်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သတင်း - စန္ဒာမိုး (ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق