နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ ထမင်းအာဟာရဒါနများ လာရောက်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ ထမင်းအာဟာရဒါနများ လာရောက်လှူဒါန်း


နောင်ချို၊ ဒီဇင်ဘာ   ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ အတွက် နေ့လယ်စာ အာဟာရနှင့် သံဃာတော်များနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများကို နံနက်စာဆွမ်း အာဟာရများကို ယမန်နေ့ နံနက်ပိုင်းတွင်  အလှူရှင်များက လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။

လှူဒါန်းရာတွင် ပြင်ဦးလွင်မြို့ မိုးသောက်ပန်းမိသားစုမှ  နေ့လယ်စာ ထမင်းအလှူဒါန၊ နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ဦးအေးကိုအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ   သံဃာတော်များ၊ ဆရာ /မများ၊ ကျောင်းသား/သူများ၊ ကိုဗစ်စင်တာမှ လူနာများအား နံနက်စာဆွမ်း၊ အာဟာရတို့ကို အသီးသီးလှူဒါန်းခဲ့ကြရာ သဖန်းကိုင်းပရဟိတ ဆရာတော်မှ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။         

သဖန်းကိုင်းပရဟိတ လူမှုကူညီရေအသင်း ကုသရေးစင်တာတွင်ပိုးတွေ့ လူနာများ၏ ကျန်းမာရေးကိစ္စများကို ဆရာတော်နှင့် အသင်းဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အနီးကပ်ကြီးကြပ်မှု အတိုင်ပင်ခံ သမားတော်(၁)ဦး၊ ဆရာဝန်(၁)ဦး၊   သူနာပြု(၄)ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေး လျက်ရှိကြောင်း၊ လူနာများအတွက် သောက်ရေ၊ သုံးရေ၊ လျှပ်စစ်မီး၊ အောက်ဆီဂျင်၊ နေရာထိုင်ခင်း၊ စားသောက်ရေး၊ ဆေးဝါးပစ္စည်းများ အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင်လို အပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင်  အခြား ကျန်းမာရေး ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။

သတင်း - ထွေးငယ်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)