မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူများအား တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ရောင်းချပေး

 


ဆိပ်ကြီးခနောင်တို၊ ဒီဇင်ဘာ  ၂

ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာ နိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏ စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်း၌ ယမန်နေ့ နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူ ပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေ ပြည်သူများအား‌ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁)ပြည်လျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀ နှုန်းဖြင့်လည်းကောင်း ဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့်လည်းကောင်း စုစုပေါင်း ဆန်အိတ် ၁၃၀ အိတ်၊ ဆီ ၄၀၀ ဘူး၊ ကြက်ဥ ၃၂ ကတ်၊ ဆိတ်သား ၁၅ ပိဿာနှင့် အမဲသား ၁၀ ပိဿာ တို့ကို ဆိပ်ကြီးအရှေ့ရပ်ကွက်နှင့် ချောင်းဝိုင်းလေး ရပ်ကွက်တွင်တို့တွင် မြို့နယ်နေ ပြည်သူများအား ရောင်းချ ပေးခဲ့ရာ မြို့နယ် တာဝန်ရှိသူများ၊ စည်ပင်သာယာဝန်ထမ်းများ၊ မီးသတ်တပ် ဖွဲ့ဝင်များက ဝိုင်းဝန်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ဝေယံ

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)