ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုအား တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုအား တာဝန်ရှိသူများ အဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး




ပွင့်ဖြူ၊ ဒီဇင်ဘာ  ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူများ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် အာရ်စီနှစ်ထပ် နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်အား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီလုပ်ငန်းအရည်‌အသွေး ပြည့်မီမှုရှိ/မရှိကို ယမန်နေ့   က မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့က လုပ်ငန်းအရည်အသွေး ပြည့်မီရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင် ဆောက်လုပ်သည့် အာရ်စီနှစ်ထပ် နယ်မြေ မီးသတ်စခန်း အဆောက် အအုံသစ်မှာ အလျား(၄၅)ပေ၊ အနံ(၅၀)ပေ၊ အမြင့်(၂၆)ပေရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၁၅၂ ဒသမ ၀၇၉ သန်းဖြင့် မကွေးမြို့၊ Galaxy Power ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရကာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီး သွားပြီဖြစ်ကြောင်း အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးဝေယံထွန်း ထံက သိရသည်။

ယနေ့နံနက်ပိုင်းက ကျောင်းတော်ရာကျေးရွာ နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှုအား တင်ဒါပါ စည်းကမ်းချက်များနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ မြို့နယ်တည်ဆောက်လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များက မြေပြင်ကွင်းဆင်းစစ်ဆေးရာ Galaxy Power ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးဝေယံထွန်းနှင့် တာဝန်ရှိသူများက မီးသတ်စခန်း အဆောက်အအုံသစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြခဲ့သည်။

ထို့နောက် တာဝန်ရှိသူများအဖွဲ့က နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ်အား ရေရှည်တည်တံ့ ကောင်းမွန်ရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားရန် ဆွေးနွေး မှာကြားခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာတွင်  နယ်မြေမီးသတ်စခန်း အဆောက်အအုံသစ် တည်ဆောက်ပြီးစီးပြီ ဖြစ်၍  အချိန်အခါမရွေး ကျရောက်နိုင်သော (မီးဘေး၊ လေဘေး၊ ရေဘေး၊ ငလျင်ဘေး)စသည့် သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက်ပြီး တွေ့ကြုံလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေး သွားနိုင်မည်ဖြစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးအတွက် များစွာ အကျိုးပြုပေးနိုင်မည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မီးသတ် ဦးစီးဌာနမှ တာဝန်ခံ မီးသတ်ဦးစီးမှူး ဦးဟန်ဇာကျော် ပြောပြ၍ သိရသည်။

သတင်း - ခင်ဝါဝါလှိုင် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)