ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားနှင့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

   




နေပြည်တော်၊ ဒီဇင်ဘာ ၁

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဘဏ္ဍာရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multipurpose Hall)၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက  ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများသည် ဝန်ကြီးဌာန အဖွဲ့အစည်းတိုင်းတွင် အရေးကြီးကြောင်း၊ စနစ်တကျ မှန်ကန်စွာလုပ်ကိုင်ဆောင် ရွက်နိုင်စေရန် အတွက် သိရှိနားလည် တတ်ကျွမ်းထားရန်လိုအပ်ကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်း/ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်နှင့် စာရင်းစစ်ကန့်ကွက် ချက်များ မရှိစေရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားပို့ချ ပေးခဲ့သည့်သင်ခန်းစာများကို စာအုပ်ထဲတွင်မထားခဲ့ဘဲ လက်တွေ့အသုံးချဆောင်ရွက် သွားရန်လိုအပ် ကြောင်း၊ ဝန်ကြီးဌာနတိုင်းတွင် ကြုံတွေ့နေရဆဲဖြစ်သည့် မျိုးဆက်ပြတ်လပ်မှု ပြဿနာ၊ ငွေစာရင်းကိစ္စများ၊ စာရင်းသွင်းမမှန်ခြင်း၊ ခွင့်ပြုချက်အတိုင်း သုံးစွဲမှုမရှိခြင်း၊ အသုံးစရိတ်များ မှန်ကန်အောင် သုံးစွဲမှုမရှိခြင်းအစရှိသည့် ဖြစ်စဉ်မျိုးကို အတတ်နိုင်ဆုံးအမှား အယွင်းမရှိဘဲ မှန်ကန်စွာ အသုံးချဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ မိမိတို့တာဝန်ကျရာဌာနခွဲ၊ ဒေသများသို့ ပြန်ရောက်သည့် အခါ ပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် ငွေစာရင်း လုပ်ငန်းများ အမှားအယွင်းမရှိစေရေး၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေး၊ သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးကို သင်တန်းဆင်းလက်မှတ် ချီးမြှင့်၍ သင်တန်းနည်းပြဆရာမ ဒေါ်လင်းလင်းထွန်းအား ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂၀၂၁) သင်တန်း ဖွင့်ပွဲအခမ်းအနား သို့ တက်ရောက်ပြီး သင်တန်းဖွင့်အမှာစကားပြောကြားသည်။

အဆိုပါ အခြေခံကွန်ပျူတာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို အားကစားနှင့် ကာယပညာ ဦးစီးဌာနခွဲများမှ (ဝန်ထမ်း) သင်တန်းသား/သင်တန်းသူ (၄၀) တက်ရောက်သင်ကြားသွားမည် ဖြစ်ပြီး ဌာနရှိ ကွန်ပျူတာ နည်းပြဆရာ/ဆရာမများက ဒီဇင်ဘာ (၁) ရက်မှ (၃၀) ရက်အထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သင်ကြားပို့ချရာတွင် အသုံးပြုမည့် ကွန်ပျူတာ အခန်းနှင့် ကွန်ပျူတာများ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


‌https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)