တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်



  ထားဝယ်၊ ဒီဇင်ဘာ ၂

ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာ ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာဦးစီး ကော်မတီနာယက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားတို့၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ကရင်၊ မွန်၊ ထားဝယ်၊ ဆလုံတိုင်းရင်းသား များအတွက် ဆန်၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ၊ ယဉ်ကျေးမှုဆိုင်ရာပစ္စည်းများ၊ အခြားလိုအပ်သော ကူညီထောက်ပံ့မှုများကိုလည်း လိုအပ် သလို အခါအားလျော်စွာ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ဆလုံလူမျိုးများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကစပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံ ငွေဖြင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးက တာဝန်ယူ၍ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဆလုံတိုင်းရင်း သားများသည် လူဦးရေနည်းပါးလာပြီဖြစ်သည့်အတွက်ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ ၄င်းတိုင်းရင်းသား များ၏ထူးခြားသော ဝိသေသလက္ခဏာတစ်ခုမှာ ရေပေါ်တွင်နေထိုင်၍ ပင်လယ်တွင် အသက်မွေးဝမ်းကျောင်း ပြုသည့် တစ်ခုတည်းသောလူမျိုးဖြစ်ကြောင်း၊ နိုင်ငံတကာကလည်း စိတ်ဝင်စားမှုရှိကြောင်း၊ ဆလုံတိုင်းရင်း သားများ၏ စကား၊  စာပေ၊ ယဉ်ကျေး မှုများဖော်ထုတ်နိုင်ရေးအတွက်ကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဆလုံလူမျိုးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ထောက်ပံ့ရေး အပြင် စာပေယဉ်ကျေးမှုl ပညာရေး၊ ကျန်းမာရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ရန် ဖောင်ဒေးရှင်းများ လုပ်နိုင်မည် ဆိုပါက ဒီထက်မက ဆလုံလူမျိုးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းပြောကြားသည်။


ဆက်လက်၍ ဆလုံလူမျိုးများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ရေးဆိုင်ရာဦးစီး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။‌


https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)