ကံမ၊ ဒီဇင်ဘာ ၃
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကြောင့် ယာယီပိတ်ခဲ့ရသည့် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း သွား သဖြင့် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ ပြန်လည် ဖွင့်လှစ်ခဲ့ရာ ယနေ့တွင် မူလတန်းအဆင့်ကျောင်းသား (၁၈၃၈)ဦး အလယ်တန်းအဆင့်ကျောင်းသား (၁၃၃၂) ဦး အထက်တန်း ဆင့်ကျောင်း သား(၅၀၃) ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၆၇၃) ဦး တက်ရောက်၍ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ ကြောင်း သိရသည်။
ကံမမြို့နယ်အတွင်း၌ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်း (၁)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(၄)ကျောင်း၊ အခြေခံပညာ အလယ် တန်း ကျောင်း(၄) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၇) ကျောင်း၊ အခြေခံပညာ မူလတန်းလွန် ကျောင်း(၁၁) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း(၉၇)ကျောင်း ရှိကြောင်း မြို့နယ်ပညာ ရေးမှူး ရုံးမှသိရသည်။
သတင်း - ကျော်ဇေယျဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق