ဆင်ပေါင်ဝဲမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆင်ပေါင်ဝဲမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကျင်းပ


ဆင်ပေါင်ဝဲ၊ ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေး အပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဇော်ဦးက အဖွင့်အမှာစကားပြော ကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူးဦးဇော်မင်းဦးက မြစိမ်းရောင် ကျေးရွာစီမံ ကိန်းဆောင် ရွက်ရသည့်ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးတို့က မြစိမ်းရောင် ကျေးရွာရန်ပုံငွေ သိန်း ၃၀၀ အားလွှဲပြောင်းပေးအပ်ခဲ့ရာ လဲဇင်ကျေးရွာ အုပ်စု၊ သပြေစမ်းကျေးရွာမြစိမ်းရောင်ကျေးရွာကော်မတီဥက္ကဋ္ဌ မှလက်ခံရယူခဲ့သည်။

အဆိုပါမြစိမ်းရောင်ကျေးရွာရန်ပုံငွေရရှိခဲ့သည့် ဆင်ပေါင်ဝဲမြို့နယ်၊ လဲဇင်ကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် အိမ်ခြေ(၁၁၇)၊ အိမ်ထောင်စု (၁၂၅)စု၊လူဦးရေ(၆၆၆)ဦးရှိပြီး ချေးငွေချေးမည့်သူ(၁၀၅)ဦးအတွက် မြစိမ်းရောင် ကျေးရွာရန်ပုံငွေ သိန်း ၃၀၀ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သတင်း - နိုင်လင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)