Pages

Pages

မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစား ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ



မော်လမြိုင်ကျွန်း၊ ဒီဇင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲ၊ ကိုယ်ခံစွမ်းအားမြှင့်တင်ရေး လှုပ်ရှားမှုသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီအက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ငုဝါခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစား၏အဓိပ္ပါယ်နှင့် ရိုးရာအားကစား၊ ယှဉ်ပြိုင်အားကစား၊ အပန်းဖြေအားကစား၊ လူထုအားကစား စသည့် အားကစား (၄)မျိုးဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး နည်းစနစ်မှူး ဦးဇော်ဝင်းက အားကစားမလုပ်ခင် အကြောလျှော့ လေ့ကျင့်ခန်းများနှင့် ကြံ့ခိုင်စွမ်းရည် (၅) မျိုးအကြောင်း လက်တွေ့သရုပ်ပြကာ Fitness dance အစီအစဉ်များ ကျောင်းသား/ကျောင်းသူလေးများနှင့်အတူ ဆောင်ရွက်၍ အားကစားလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြရန်အတွက် အားကစားပစ္စည်းများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

သတင်း - အောင်အောင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق