နာဂဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် အခြေခံ ပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နာဂဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် အခြေခံ ပညာ ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ



လဟယ်၊ ဒီဇင်ဘာ  ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၁၂)နှစ်မှ (၁၈)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က လဟယ်မြို့အခြေခံပညာ အထက်တန်းကျောင်း ဇေယျာသီရိကျောင်းဆောင်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်မှ (၁၈)အထက်အားလုံးကို ထိုးနှံပေးလျက်ရှိပြီး လဟယ်မြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ယူနေကြသော မူလတန်း ကျောင်းသား၊ ကျောင်းသူ(၄၄)ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၆၈၂)ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၁၉၄)ဦး စုစုပေါင်း ထက်၊ လယ်၊ မူကျောင်းသား၊ ကျောင်းသူ(၈၂၀)ဦးတို့ကို ဒီဇင်ဘာ(၂)ရက်နေ့မှ (၃)ရက်နေ့အထိ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ပါမင်းလိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)