Pages

Pages

မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံ

မိုင်းရယ်၊ ဒီဇင်ဘာ  ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ဦးတည် အုပ်စုများအလိုက် ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၊ ဟိုယကျေးရွာအုပ်စုတွင် အသက်(၁၈) နှစ်နှင့်အထက်ရှိသူ များအား တစ်အိမ်တက်ဆင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယ အသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၇၈)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက် ထိုးနှံသူ(၄၀)ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၈၅)ဦး စုစုပေါင်း (၂၀၃)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။

သတင်း - ကျော်ဇင်ထိုက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق