မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့်

မကွေး၊ ဒီဇင်ဘာ  ၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် ဗုဒ္ဓသာသနာတော်တွင် အများတကာတို့ထက် ထူးခြားသည့် ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသော ပုဂ္ဂိုလ်များအား ဆိုင်ရာဂုဏ်ထူးဝိသေသများအလိုက် သာသနာတော်ဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများကို ဘုရားရှင် ကိုယ်တော်တိုင် ပေးအပ်ချီးမြှင့်တော်မူခဲ့သည်ကို သိရှိကြည်ညိုခွင့်ရခဲ့ပါကြောင်း၊ ဗုဒ္ဓဘာသာ နိုင်ငံအသီးသီးရှိ မင်းအစိုးရအဆက်ဆက်တို့ကလည်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ချီးမြှင့်သည့် အစဉ်အလာများရှိပြီး ထေရဝါဒ‌ဗုဒ္ဓ သာသနာတော် ထွန်းကာရာ ပြည်ထောင်စု သမ္မမြန်မာနိုင်ငံတော် အတွင်း၌လည်း သာသနာတော်ကို ကြည်ညို တော်မူသည် မင်းအစိုးရ အဆက်ဆက်တို့က သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များအား ထူးခြားထင်ရှားသော ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့ကြရာ မိမိတို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆရာတော်(၃၈)ပါး၊ သီလရှင်ဆရာကြီး(၄)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခဲ့ပြီးဖြစ်ကာ ယနေ့တွင် သာသနာတော်ကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းသည့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်များအား ချီးမြှင့်အပ်နှင်းပွဲ ဖြစ်ပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအတွင်း နိုင်ငံတော်မှ သာသနာနုဂ္ဂဟဘွဲ့ရ ပုဂ္ဂိုလ်များရှိသဖြင့် ဝမ်းမြောက် ဂုဏ်ယူရပါကြောင်း‌ ပြောကြားသည်။

ဆက်လက်၍ သုဓမ္မမဏိဇောတဓရ (သာသနာတော်အတွက် မဏိဇောတပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ) အမျိုးသား ဥပါသကာ (စတုတ္ထအဆင့်)ရရှိသူအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ သုဓမ္မသိင်္ဂီ (သာသနာတော်အတွက် သိင်္ဂီရွှေပမာနှိုင်းယှဉ်အပ်သူ အမျိုးသမီး ဥပါသကာ (စတုတ္ထအဆင့်) ရရှိသူအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဇနီး ဒေါ်ဝင်းဝင်းမြင့်မှ လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်း  ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်တော် ရရှိသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီးနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်း  - ကိုစည်သူ

‌https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)