Pages

Pages

ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးရာ ၁၉၄၀ ဦး ထိုးပေးနိုင်


ယင်းမာပင်၊ ဒီဇင်ဘာ  ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မိဘပြည်သူများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ဒုတိယအကြိမ်) တတိယအသုတ်(ဒုတိယအကြိမ်)၊ စတုတ္ထအသုတ်(ပထမအကြိမ်)နှင့် (ဒုတိယအကြိမ်)အဖြစ် အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမတွင် လည်းကောင်း၊ ရွှေတောင်ဦးဓမ္မာရုံတွင် လည်းကောင်း၊ နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီမှစ၍ တစ်ပြိုင်တည်း ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ရဟန်း၊ သံဃာ/သီလရှင်များ၊ မိဘပြည်သူများကို သတ်မှတ်ဦးစားပေး အုပ်စုအဖြစ် ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးရန် လာရောက်ကြသည့် ပြည်သူများကို မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင် ပေးခြင်း၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်   အခြေအနေ ရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။

ယင်းမာပင်မြို့နယ်၌ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံခြင်းကို အခြေခံပညာ အထက်တန်းကျောင်း ပညာဇွဲမာန်ခန်းမနှင့် ရွှေတောင်ဦးဓမ္မာရုံစုရပ်နှစ်ခုတွင် နိုဝင်ဘာ ၂၅ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးရာတွင် တတိယအသုတ် (ဒုတိယအကြိမ်) ၉၉၅  ဦး၊ စတုတ္ထအသုတ် (ပထမအကြိမ်) ၁၂၅ဦး၊ စတုတ္ထအသုတ် (ဒုတိယအကြိမ်) ၇၈၀ ဦး မိဘပြည်သူတို့မှ လာရောက်ထိုးနှံ ခဲ့ကြရာ စုစုပေါင်း ၁၉၄၀ ဦး ဖြစ်ကြောင်းသိရသည်။

ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို အားပေးစကားများ ပြောကြားခဲ့သည်။

သတင်း - သန်းဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق