မိုင်းငေါ့၊ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့ တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေးမထိုးနှံရသေးသူ အသက် (၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ် (စတုတ္ထ)ရက်နေ့ အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက် လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (စတုတ္ထ)ရက်နေ့အဖြစ် ကာကွယ်ဆေး လာ ရောက် ထိုးနှံသူ ကျား (၆၇)ဦး ၊ မ (၄၈)ဦး စုစုပေါင်း (၁၁၅) ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က ဈေးရပ်ကွက် ဘုန်းကြီး ကျောင်း အတုလဇေယျဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သတင်း - မြင့်သွယ်(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
ليست هناك تعليقات:
إرسال تعليق