ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ပြည်နယ်ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


ဟားခါး၊ ဒီဇင်ဘာ  ၂

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ က ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးငွန်ဆန်းအောင်ကဟားခါးမြို့နှင့်ဖလမ်းမြို့များတွင်ကိုဗစ်−၁၉ဖြစ်ပွားမှုလျော့နည်းကျဆင်းလာသည့်အတွက် Stay at Home မြို့နယ်မှ ဖြေလျှော့နိုင်ရေးအတွက် ကိုဗစ်−၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ မျိုးဗီဇပြောင်း ကိုဗစ်−၁၉ ရောဂါပိုး(Variants of Concern) အုပ်စုတွင် (၂၆.၁၁.၂၀၂၁)ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထပ်မံထည့်သွင်းခဲ့သည့်အိုမီခရွန်(Omicron)မျိုးဗီဇပြောင်းရောဂါပိုးအနေဖြင့်ကမ္ဘာတစ်ဝှမ်းတွင် လျင်မြန်စွာ ကူးစက်ပြန့်ပွားလာသည်ကို သိရှိရပါကြောင်း၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အဓိက ကျသည့် အချက်တစ်ခုမှာ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု မြင့်မားရန်ဖြစ်သည့်အတွက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ကို မဖြစ်မနေထိုးနှံကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်−၁၉ ရောဂါနှင့်ပတ်သက်သည့် တစ်ဦးချင်းလိုက်နာရမည့် အသိပေးချက်၊သတိပေးချက်နှင့် ထုတ်ပြန် ကြေညာချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်လိုအပ်ကြောင်းဖြင့် အမှာစကား ပြောကြား သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဟားခါးခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဓမ္မအမှုတော် ဆောင်များအဖွဲ့ အတွင်းရေးမှူး သိက္ခာတော်ရဆရာ ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို လည်းကောင်း ၊ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်−၁၉ ရောဂါRDTဖြင့် ရှာဖွေစစ်ဆေးမှု၊ ရောဂါဖြစ်ပွားမှုနှင့် ကုသမှုအခြေအနေများ၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုး နှံမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ Mask Campaignနှင့် အသိပညာပေး လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက် ဆောင်ရွက်ရမည့် အစီအစဉ်များကို လည်းကောင်း၊ ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လူမှုရေးဝန်ကြီး      ဦးသန့်ဇင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ် ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်နှင့်ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းတို့က ပြည်နယ်အတွင်း ကိုဗစ်−၁၉ တတိယလှိုင်းကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သော်လည်း မပေါ့ဆရန်လိုအပ်မှု၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ဦးတည်အုပ်စုအလိုက် ရည်မှန်းဦးရေအတိုင်း အပြည့်အဝ ထိုးနှံနိုင်ရေးကိစ္စ၊RDT −Test kit ဖြင့် ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ၊အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ရန်ကိစ္စ များကို အကြံပြုဆွေးနွေးကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - မောင်တက်လမ်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)