ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ် (Journal of Business and Economics) သို့ ပေးပို့သည့် မဟာဘွဲ့သုတေသနစာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြားရှင်းလင်းတင်ပြပွဲသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ် (Journal of Business and Economics) သို့ ပေးပို့သည့် မဟာဘွဲ့သုတေသနစာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြားရှင်းလင်းတင်ပြပွဲသို့ တက်ရောက်



နေပြည်တော်၊ ဒီဇင်ဘာ ၂

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် အမေရိကန် အခြေစိုက် နိုင်ငံတကာဂျာနယ် (Journal of Business and Economics) သို့ ပေးပို့သည့် မဟာဘွဲ့သုတေသနစာတမ်း အကျဉ်းချုပ်ဆောင်းပါး ပြန်လည်ဖတ်ကြားရှင်း လင်းတင်ပြပွဲ အစီအစဉ် သို့ တက်ရောက်သည်။

မဟာဘွဲ့သုတေသနစာတမ်း ဖတ်ကြားရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ရှင်းလင်း တင်ပြပွဲအခမ်းအနား ပြုလုပ်ခြင်းသည် ဝန်ထမ်းများ၏ အောင်မြင်မှုအတွက် ချီးမြှောက်ဂုဏ်ပြုခြင်း ဖြစ်သကဲ့သို့ အခြားဝန်ထမ်းများအနေဖြင့်လည်း ကြိုးစားသင်ယူလိုစိတ် ဖြစ်ပေါ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ‌အဆိုပါ မဟာဘွဲ့သုတေ သနစာတမ်းသည် မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံများ၏ လူမှုစီးပွားဘဝ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်သည့်ကဏ္ဍနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်စေရေးအတွက် လူမှု-ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများနှင့် အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းရေးကဏ္ဍများတွင် ဧည့်လမ်းညွှန်များ ပါဝင်လုပ်ဆောင်သည့် အခြေအနေများကို  ရည်ရွည်ချက်ထား ရေးသားထားရှိသည့် မဟာဘွဲ့ သုတေသနစာတမ်း ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ပညာသင်ဆုရရှိသည့် အရာထမ်းများအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာ တွင်  မိမိတတ်မြောက်သည့် ပညာရပ်များကို ပြန်လည်အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊ ကျန်ဝန်ထမ်း များအနေဖြင့်လည်း နိုင်ငံတကာမှ ပေးအပ်လာမည့် ပညာသင်ဆု အခွင့်အလမ်းများကို လက်လွတ် မခံဘဲ ကြိုးစားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများရှိ ဝန်ထမ်းများ အနေဖြင့်လည်း ယခုဖော်ထုတ် တွေ့ရှိချက်တွေကို လေ့လာမှတ်သားပြီး မိမိဒေသအတွက် အကျိုး ကျေးဇူးရရှိစေမည့် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန်  လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Mahidol University တွင် နိုင်ငံတကာ ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုပညာမဟာဘွဲ့ သင်တန်းတက်ရောက်ခဲ့သူ ဖြစ်သော လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးတေဇာဥုတ်ကျော်က အမေရိကန်အခြေစိုက် နိုင်ငံတကာဂျာနယ် (Journal of Business and Economics) သို့ ပေးပို့သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ဧည့်လမ်းညွှန်များ၏ ပါဝင် ဆောင်ရွက်မှုအခန်းကဏ္ဍ” မဟာသုတေသန စာတမ်းကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာ သည့် အရာထမ်း/ အမှုထမ်းများက သိရှိလိုသည်များ ကို မေးမြန်းရာ ပြန်လည်ဆွေးနွေးဖြေ ကြားခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးတေဇာဥုတ်ကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)