ကျွန်းလှမြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လျက်ရှိကြောင်း သိရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်တွင် NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လျက်ရှိကြောင်း သိရ


ကျွန်းလှ၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာအုပ်စု ၃၄စုနှင့် မြို့ပေါ် ၄ ရပ်ကွက် ပေါင်း (၃၈)အုပ်စု ရှိရာ NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှုတ်ထွက်လျှက်ရှိကြောင်း သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးအနေဖြင့် (၃)ဦးခန့်သာ ရှိတော့ကြောင်း၊ ထိုသို့ဖြစ်ပေါ်လျှက်ရှိသော အခြေအနေကို တာဝန်ရှိသူများကလည်း မသိကျိုးကျွန်ပြုနေကြောင်း စုံစမ်းသိရှိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ "အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ခံနေရတော့ဗျာ လိုင်းပေါ်နှုတ်ထွက်ကြောင်း တင်ပြီး နှုတ်ထွက်ကုန်ကြတယ်။ တကယ်တန်း တာဝန်ထမ်းဆောင်ပေးနေတာ ၅ဦးတောင် မပြည့်တော့ဘူးထင်တယ်။ အဲဒီထက် မများပါဘူး။ မြို့နယ်၊ ခရိုင် တာဝန်ရှိသူတွေက ဒီလိုဖြစ်နေတာကို မသိဘူးလား။ ဒါကို ဘယ်လို ပူးပေါင်းပြီး ရပ်ကျေးအုပ်ချုပ်ရေးကို တည်ဆောက်ပေးမလဲ မစဉ်းစားကြဘူး။ မင်းမဲ့တိုင်းပြည်လို ဖြစ်အောင် လုပ်နေကြတာပဲ။ တာဝန်ရှိသူတွေရဲ့ တာဝန်မဲ့မှုလို့ပဲ ပြောရမယ်။ တာဝန်ထမ်းဆောင်နေသူတွေအတွက်လည်း အန္တရာယ်များပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးလုပ်ရမယ့်သူတွေမှာလည်း သေလမ်းကို တွန်းပို့ခံရသလို ဖြစ်နေတယ်။ ကာကွယ်ပေးမှု၊ ခုခံကာကွယ်နိုင်အောင် ပံ့ပိုးပေးမှု ဘာမှမရှိဘဲနဲ့ ဘယ်သူက သေလမ်းကို လျှောက်ချင်မလဲ။" ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ အဆိုးရွားဆုံးအခြေအနေ သောင်းကျန်းလျက်ရှိပြီး တန့်ဆည်မြို့နယ်တွင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)