Pages

Pages

မင်းကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်းတုန်းမြို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကြည့်ရှုစစ်ဆေးပြီး Oxygen Plant စက်ရုံ ဖဲကြိုးဖြတ်ဖွင့်လှစ်




မင်းတုန်း၊ ဒီဇင်ဘာ  ၃

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ လိုက်ပါ၍ ယမန်နေညနေ ၃ နာရီက မင်းတုန်းမြို့တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သော မြို့မအားကစားကွင်း ခြံစည်းရိုးနှင့် ပွဲကြည့်စင် တည်ဆောက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း စစ်ဆေးပြီး အားကစားနှင့်ကာယပညာ နည်းစနစ်မှုးအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော Oxygen Plant စက်နှင့် အလှုရှင်များ၏  လှုဒါန်းငွေဖြင့် ဆောက်လုပ်သော စက်ရုံအဆောက်အအုံကို တိုင်းဒေကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး ဝန်ကြီးချုပ်က Oxygen Plant စက် ထောက်ပံ့ရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး စက်ရုံနှင့် အဆောက်အအုံအား ကျန်းမားရေး ဦးစီးဌာနသို့  လွှဲပြောင်း ပေးအပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင်က  လက်ခံရယူခဲ့ပြီး မြို့မိမြို့ဖတစ်ဦးက Oxygen Plant စက်ရုံ ရရှိခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်က Oxygen Plant စက်ရုံတပ်ဆင် ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

ليست هناك تعليقات:

إرسال تعليق