Pages

Pages

မိုင်းရယ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်ရန် ရန်ပုံငွေ ပေးအပ်


မိုင်းရယ်၊ ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဆောင်ရွက်ရန် ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများမှာ ပုံကတ်နမ့်အွန်ကျေးရွာ၊ နားခေါ် ကျေးရွာ၊ တာပေါက်ကျေးရွာနှင့် ကုန်းညုကျေးရွာတိုဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း (၁၀၀)စီဖြင့် စုစုပေါင်း ရန်ပုံငွေ ကျပ်သိန်း(၄၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးတို့က ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အသီးသီး လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 ခွဲဝေရရှိသည့် ရန်ပုံငွေကို ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ရေပေးရေး၊ ကျေးရွာဘက်စုံသုံးခန်းမ၊ ကျေးရွာစာသင်ကျောင်းပြုပြင်ခြင်းလုပ်ငန်းများတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်နီခင်( ပြန်ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


ليست هناك تعليقات:

إرسال تعليق