MNP - ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တောင်သူများအား ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်သီရိမင်္ဂလာဓမ္မာရုံ၌ ယမန်နေ့ နေ့လယ် ၁ နာရီခွဲက စတင် ထုတ်ချေးပေးခဲ့သည်။
၂၀၂၁ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိပြီး မောက်မယ်မြို့နယ်အတွင်းရှိ လယ်ယာ ဧက ၄၀၅ ဧကအတွက် စုစုပေါင်း ငွေကျပ်သိန်း ၄၀၅ သိန်းကို ယနေ့အထိ တောင်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထုတ်ချေး ပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ဝန်ထမ်းများမှတဆင့် သိရသည်။
သတင်း - စိုင်းမျိုးသန့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment