MNP - ဇန်နဝါရီ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အခြားဒေသမှ ဝင်ရောက်လာသူများ အနေဖြင့် (၁၇-၁-၂၀၂၂)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက် သေခံလက်မှတ် ပြသနိုင်မှသာ ဂွမြို့နှင့် ကျိန္တလီမြို့ အတွင်းသို့ ဝင်ရောက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း ယနေ့ရက်စွဲဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရသည်။
မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် ဂွမြို့နယ်အတွင်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံမှုသည် အရေးကြီးသောကြောင့် ဂွမြို့နယ်အတွင်းသို့ အခြားဒေသမှ ဝင်ရောက်လာသူများ အနေဖြင့်(၁၇-၁-၂၀၂၂)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသည့် သက် သေခံလက်မှတ် ပြသနိုင်မှသာ မြို့နယ်တွင်းသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့် အခြားဒေသမှ ဝင်ရောက်လာသူများကို ဗေဒါစစ်ဆေးရေးဂိတ်တွင် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment