ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စု၌ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပိုင်ကျုံမြို့ မဲပရကျေးရွာအုပ်စု၌ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ ဘိုဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ငွေပေးအပ်

 




MNP - ဇန်နဝါရီ   ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​နောင်ခွီးကျေးရွာအုပ်စုတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသော အသက် (၈၅)နှစ်အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးရွာမှတာဝန်ရှိသူများကကျေးရွာအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံ စားခွင့်ရှိသည့် အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၀)ဦးအတွက် တစ်ဉီးလျှင် ကျပ် (၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၀၀၀၀ဝိ/-) ကျပ်တိတိကို လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ခွဲဝေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ပိုင်ကျုံမြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ် အရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)