MNP - ဇန်နဝါရီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုး နှံပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီက စတုတ္ထအသုတ် ဒုတိယအကြိမ်တွင် ကာကွယ်ဆေးထိုးပြီးသူပေါင်း (၂၀၆၄၇) ဦးရှိကြောင်း သိရှိရသည်။
စတုတ္ထအသုတ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် သံဃာတော်(၇၃)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း (၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ဝင် (၂)ဦး၊ နိုင်ငံ့ဝန်ထမ်း (၁၈၉)ဦး၊ ပုဂ္ဂလိကစက်ရုံ/ အလုပ်ရုံဝန်ထမ်း (၅၅)ဦး၊ ပုဂ္ဂလိကပို့ဆောင် ရေးလုပ်ကိုင်သူ (၁၃၇)ဦး၊ ဟိုတယ်/ တည်းခိုခန်းလုပ်ကိုင်သူ (၁)ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ချေးငွေ လုပ်ငန်းလုပ်ကိုင်သူ (၄)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း (၁)ဦး၊ သယ်ယူပို့ဆောင်ရေးနှင့်လုပ်ကိုင်သူ (၇)ဦး၊ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူ (၁)ဦး၊ ဝင်ငွေရလုပ်ငန်းလုပ်ကိုင်သူ (၁၂၇၀၉)ဦး၊ ပြည်သူ (၃၅၇၈)ဦး၊ မသန်စွမ်းသူ (၃)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၃၈၈၃)ဦး စုစုပေါင်း (၂၀၆၄၇)ဦး ဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကွယ်ဆေးများထိုးနှံရာတွင် ပြည်သူများ အဆင်ပြေစေရေးအတွက် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ဒွေးလှ၊ ရဲရွာ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် မြို့တော်ခန်းမတို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးစုရပ်များအဖြစ် နေရာခွဲပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - သက်မောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment