အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိ

 



MNP - ဇန်နဝါရီ    ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးသလို ဦးစီးဌာနရုံးတွင် လည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

"အိမ်မဲမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၇)အုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရန် ကျန်ရှိသူ(၆၇၉၇)ဦး(လျာထား)ရှိတဲ့အနက် မြို့နယ်လဝက ရုံးမှပန်းခင်းစီမံချက်နဲ့၂၀၂၁ ခုနှစ်မေလ (၃)ရက်နေ့ကစတင်ပြီး ယနေ့အထိမြို့ပေါ် (၅)ရပ် ကွက်နဲ့ကျေးရွာအုပ်စု(၉၅)အုပ်စုက နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် (၁၆) နှစ်၊ အသက်(၁၈)နှစ်၊ (၁၈)နှစ် အထက် စုစုပေါင်း (၄၂၆၆) ကတ်၊ အိမ်ထောင်စု လူဦးရေ စာရင်း (၆၁၀)ခု ရာခိုင်နှုန်းအားဖြင့် ၆၂ ဒသမ ၇၆ ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီး ကြောင်း" မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ (လဝက)ဦး စီးမှူးဦးအောင်နိုင်ဦးပြောကြားချက်အရ သိရသည်။

အိမ်မဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းအဖွဲ့(၂)ဖွဲ့ဖြင့် ဆောင်ရွက်သလို ဦးစီးဌာနရုံးတွင်လည်း ပန်းခင်းစီမံ ချက်နဲ့အညီ နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှု စီးပွားဘဝ ပြည်စုံမှုရှိစေရေးတို့အတွက် သတ်မှတ်ချက်နဲ့အညီ ကိုက်ညီသူများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)