ကရင်ပြည်နယ် ကမမောင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် ကမမောင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက် ပေးလျက်ရှိ





MNP - ဇန်နဝါရီ   ၆

ကရင်ပြည်နယ်၊ ကမမောင်းမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ကျေးလက် ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရန်အတွက် လာရောက်ထိုးနှံသည့် မိခင်နှင့် အသက်(၂)နှစ်အောက် များအား  နှာခေါင်းစည်း MASK များ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေးဝန်ထမ်းများမှ  ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ် အောက် ကလေးများအား  အဆုတ်ရောဂါ ကာကွယ် ဆေး၊ ငါးမျိုး စပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို ကမမောင်းမြို့အတွင်းရှိ အသက် (၂)နှစ် အောက် ကလေး များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး ဆရာမဒေါ်နန်းယုဝေနှင့် ကျန်းမာရေး ဝန်ထမ်း ဆရာမများက  ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို  လစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်စန်းမြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)