နမ့်ခမ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ့်ခမ်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

 


MNP - ဇန်နဝါရီ    ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ပညာတက်ရောက်သင်ကြားလျက်ရှိသည့် အသက် (၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၂၅၀)ဦးအား ယနေ့နံနက် (၉)နာရီအချိန်တွင် နမ့်ခမ်းမြို့၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရွှေရည်ခန်းမ၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၂၅)ကျောင်း ဖွင့်လှစ်နိုင်ပြီး ကျောင်းသား/ကျောင်းသူ (၁၉၀၁)ဦး ပညာတက်ရောက် သင်ကြားလျက် ရှိသည်။ ယနေ့နံနက်(၉)နာရီအချိန်တွင် ကျောင်းအသီးသီးမှ ပညာတက်ရောက် သင်ကြားနေသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူ(၂၅၀)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့ညနေ (၄)နာရီအချိန်ထိ ကျောင်းသား/ကျောင်းသူများ (၁၀၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်အထက် ပညာတက်ရောက်သင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မကျန်ရှိစေရန် ကာကွယ်ဆေး မထိုးရသေးသည့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆိုင်ထွန်း

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)