တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တံတားမြို့တွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



MNP - ဇန်နဝါရီ   ၆

ရန်ကုန်တိုင်ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြိုတွင် အသက် ၁၈ နှစ်အထက် ပြည်သူများအား ယနေ့နံနက် ၁၀ နာရီက တံတားမြို့ သုံးလောကထွဋ်ခေါင်မာရ်အောင် ရတနာဘုရားကြီးဝန်းအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံမှုကို တံတားမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ ဆောင်ရွက်ပေးပြီးမှသာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ လူဦးရေ(၃၈၀) ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

သတင်း - မိုးဖြူလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)