MNP - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ အသက် ၁၈ နှစ်အထက် ရှိသူများကို ယနေ့နံနက် ၉ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ပဏ္ဍိတာရာမ စလင်းကျောင်းတိုက်ဓမ္မာရုံ၊ သခင်ဘသောင်းရပ်ကွက်ရှိ ဇေယျသုခဘုန်းတော်ကြီး ကျောင်းဓမ္မာရုံနှင့် ခနောင်တိုအနောက်ရပ်ကွက်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက် ဓမ္မာရုံတို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယ အကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်အတွင်းရှိ အသက် ၁၈နှစ်အထက်ရှိသူများ၊ သတ်မှတ်ဆေးထိုးအုပ်စုများထဲတွင် ပါဝင်သည့် မြို့နယ်နေပြည်သူ ၁၈၂၀ ဦးအား မြို့နယ် သူနာပြု ဆရာမကြီး ဒေါ်ခင်ပပလွင်ကြီး ဦးဆောင်၍ သူနာပြု ဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ကာကွယ် ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
သတင်း - ဝေယံ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment