MNP ၊ ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မတ္တရာပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အမျိုးသမီးတစ်ဦးသည် ဇန်နဝါရီ ၅ရက်တွင် သေဆုံးခဲ့ကြောင်း မတ္တရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
သေဆုံးသူအမျိုးသမီးမှာ သဖန်းဒေါင့်ကျေးရွာတွင် နေထိုင်သည့် ဒေါ်စန်းရီဖြစ်ပြီး အသက် ၆၇နှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
ကျန်ရစ်ရုပ်အလောင်းအား မတ္တရာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ရွှေပုထိုးသုဿန်သို့ ပို့ဆောင်၍ သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ဇန်နဝါရီ ၄ ရက်နေ့ အထိ လူဦးရေ စုစုပေါင်း (၂၀၉၁၆၂၉၉)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၅ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၅၃၁,၄၃၂) ဦး ရှိပြီး သေဆုံးသူစုစုပေါင်း (၁၉,၂၈၂) ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
သတင်း - သီဟ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment