MNP - ဇန်နဝါရီ ၆
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မိဘပြည်သူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး (Sinopharm) ထိုးနှံပေးမှုကို ယနေ့နံနက် ၁၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်သယံဇာ တရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဟားခါးပြည်သူ့ဆေးရုံအုပ်တို့ လိုက်ပါခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိဘပြည်သူများ၊ နို့တိုက်မိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံရာတွင်ရရှိသည့် အကျိုးကျေးဇူးများကို ရှင်းပြ၍ အားပေးစကားပြောကြားကာ ကာကွယ်ဆေး ထိုးနှံပေးကြသည့် မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်အထူးကုဆရာဝန်များနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကာကွယ်ဆေးကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမနှင့် မြို့သစ်ရပ်ကွက်ရှိ ကာဆင်နှစ်ခြင်းဘုရားကျောင်း များတွင် ဇန်နဝါရီလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment