ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်ဝေဒနာရှင်များအတွက် အလှူငွေများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်ဝေဒနာရှင်များအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်

               

MNP - ဇန်နဝါရီ    ၆

မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် လစဉ်စဉ်ပုံမှန်ကျောက် ကပ်ဆေးကြော ကုသနေရသည့် ဝေဒနာရှင်များအတွက် ပခုက္ကူမြို့ပေါ်ရှိလူမှုရေး အသင်းအဖွဲ့များစုပေါင်း၍ ဇန်နဝါရီလ ၅ ရက် နံနက် ၁၀နာရီ အချိန်က ငွေကျပ်(၁၄)သိန်းထောက်ပံ့ပေးအပ်ကြ‌ကြောင်းသိရသည်။

ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် လစဉ်ပုံမှန်ကျောက်ကပ်ဆေးကြောကုသနေရသည့် ကျောက်ကပ်ဝေဒနာရှင်များမှ ဆင်းရဲနွမ်းပါးသည့်လူနာများ၏ လစဉ်ပုံမှန် ကျောက်ကပ်ဆေးကြော ကုန်ကျမှုစရိတ်သက် သာစေရန် ရည်ရွယ်၍ အကြိမ်(၄၀)စာကျောက်ကပ်ဆေးကြောနိုင်မည့်ကုန်ကျစရိတ်အဖြစ် နှစ်သစ်ကူးအလှူငွေ ကျပ်(၁၄)သိန်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ အလားတူ ပခုက္ကူမြို့နယ်အတွင်းက ဆင်းရဲနွမ်းပါးအခြေခံလူတန်းစား တစ်အိမ်ထောင်လျှင် ဆန်ရှစ်ပြည်၊ ပဲဆီသန့် တစ်ပိဿာ၊ ဆား၂၅ကျပ်သား၊ ပဲ၅၀သား၊ ပါစပ်းနှင့် နှာခေါင်းစညး (Mask)များ၊ကျန်းမာရေးသုံးပစ္စည်းများနှင့်အာဟာရ ဖြည့်မုန့်အထုပ်ကြီးတစ်ထုပ်စီဖြင့် အိမ်ထောင်စု(၂၀)တို့အား ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း၊ အဆိုပါ နှစ်သစ်ကူးအလှူငွေ များကို အက်ရှင်အေ့စ်(မြန်မာ) မှအဓိက ပံ့ပိုးကူညီခြင်းဖြစ်ပြီး အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုးရေးအသင်းနှင့်‌ ဒေသခံ အရပ်ဖက်လူမှုရေး အသင်းအဖွဲ့ များစုပေါင်း၍ ကူညီထောက်ပံ့ ပေးခြင်းဖြစ်ကြောင်း၊ ကျောက်ကပ်ဝေဒနာရှင်များနှင့် ဆင်းရဲ နွမ်းပါးအခြေခံ လူတန်းစား အိမ်ထောင်စု(၁၀၀)တို့ကို ထပ်မံထောက်ပံ့ကူညီနိုင်ရေးဆက်လက် ကြိုးစား ဆောင်ရွက် သွားမည်ဖြစ် ကြောင်း၊ ပခုက္ကူမြို့၊ အနာဂတ်အလင်းရောင်လူငယ်ဖွံ့ဖြိုး ရေးအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်က ပြောပြသည်။

ပခုက္ကူမြို့၊အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ၊ ညောင်ဦး၊ ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ကျောက်ထု၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်များမှ လစဉ်စဉ်ပုံမှန်ကျောက်ကပ်ဆေး ကြောနေရသည့် ကျောက်ကပ်ဝေဒနာရှင်လူနာ(၃၅)ဦးရှိကြောင်း၊  ကျောက်ကပ်တစ်ကြိမ်ဆေးကြောပါက အနည်းဆုံး ငွေကျပ် သုံးသောင်းကျော် ကုန်ကျ ကြောင်း၊ လစဉ်ပုံမှန်ကျောက်ကပ်ဆေးကြောနိုင်ရေးအတွက် လာရောက်လှူဒါန်းကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို ဆင်းရဲနွမ်းပါးသည့်ကျောက် ကပ်ဝေဒနာရှင်များ ကိုယ်စားကျေးဇူးအထူးတင်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ပြောသည်။

သတင်း - ဆလိုင်းကိုကီး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)