MNP ၊ ဇန်နဝါရီ ၈
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပြီး ဇန်နဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာအနီး စစ်တွေ-အမ်း ကားလမ်းတွင် တရားမဝင်သစ်များ သယ်ဆောင်လာကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးရာ ယာဉ်(၂)စီးပေါ်မှ တောင်သရက်ခွဲသား (၄ ဒသမ ၂၇)တန်အား စစ်ဆေးတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။
ထို့အတူ ယနေ့တွင် ရှမ်းပြည်နယ်၊ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၊ သွင်းကုန် ယာဉ်ငယ် စစ်နေရာတွင် ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ရာ မော်တော်ယာဉ်အမှတ် 8J-8801 ပေါ်မှ စားသောက် ကုန်ပစ္စည်း(၂)မျိုး၊ (၁၉၅)ဖာ၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၄,၀၀၀,၀၀၀/-) ကို ဖမ်းဆီးရမိခဲ့သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနက ဦးဆောင်၍ ပူးပေါင်းအဖွဲ့များမှ သတင်းအရ ပဲခူးခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ သစ်တောကြိုးဝိုင်းများအတွင်း တရားမဝင် သစ်ထုတ်လုပ်မှု များအား ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ကျွန်းသစ် (၂၄)တန်၊ သစ်မာ (၆) တန်နှင့် အခြားသစ် (၂၉)တန်၊ စုစုပေါင်း သစ်မျိုးစုံ(၅၉)တန်ကို ဖမ်းဆီးရမိခဲ့သည်။
သို့ပါ၍ ဇန်နဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်မှ သစ်(၄ ဒသမ ၂၇)တန်၊ ယနေ့တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ အမှုတွဲ(၁)မှု၊ ခန့်မှန်းတန်ဖိုး ငွေကျပ် (၄,၀၀၀,၀၀၀/-) နှင့် ပဲခူးတိုင်းဒေသကြီးမှ သစ်မျိုးစုံ(၅၉)တန်အား ဖမ်းဆီးရမိ သိမ်းဆည်းအမှုတွဲဖွင့်လှစ်ခဲ့ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment