မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ) အကြိမ်ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ) အကြိမ်ဆက်လက်ထိုးနှံ

 


MNP - ဇန်နဝါရီ    ၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ) အကြိမ် ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆေးထိုးစုရပ်တွင် ယနေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပါ်တုန့်ပြန်ရေးကော်မတီမှ ကြီးကြပ် မှုဖြင့် ကာကွယ်ဆေးမထိုးနှံမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းကောက်ယူခြင်း ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင် တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းတာပေးခြင်းများ ပြုလုပ်ပြီးပုံမှန် ကျန်းမာရေးအခြေအနေရှိသူများကိုသာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး မိနစ်(၃၀)ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် (ဒုတိယ) အကြိမ် ထိုးနှံရန် ၇၂၅ ဦးရှိသည့်အနက် ယမန်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၆၇၅ ဦးရှိရာ ယနေ့ထိ ဒုတိအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၃၆၀၇၁ ဦး ရှိပြီးဖြစ်ကြောင်း သိရသည်။

သတင်း - သိန်းဖေ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)