MNP - ဇန်နဝါရီ ၉
မြန်အောင်မြို့နယ်၊ အင်ပင်မြို့ရှိ မြို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းရုံးဝင်း မြေနေရာအတွင်း ဆောက်လုပ်မည့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်မည့် မြေနေရာအား မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရုံးဝင်းမြေနေရာသည် ၁.၉၅ ဧက ကျယ်ဝန်းပြီးမြေနေရာအား မြေယာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတ်င်း - ထွန်းဇော်ထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment