MNP - ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းကတ္တရာလမ်းခင်းခြင်းဖွင့်ပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီ အချိန်တွင် ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းတွင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)မှ ကတ္တရာလမ်းဆောင်ရွက်ခဲ့မှုအား ရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံ ပြည်သူ တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက်ပဆင-ဓနုဘေး-သက္ကယ်ကျွန်း လမ်းကတ္တရာလမ်းအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပဆင-ဓနုဘေး-သက္ကယ်ကျွန်းလမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းအား (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၁/ဝ.၁၅)မိုင်နှင့် (၂၀၂၀-၂၀၂၁)ခုဘဏ္ဍာရေးနှစ်တွင် (၁/ဝ)မိုင်ကတ္တရာခင်းခြင်း လုပ်ငန်းအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment