ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်

 


MNP - ဇန်နဝါရီ    ၁၂

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးသုံးဆေးဝါးနှင့် ဆေးပစ္စည်းလိုအပ်ချက်များ တောင်းခံပြီး ပြည်နယ်ပြည်သူ့ ကျန်းမာရေး၊ ကုသရေးဦးစီးဌာနမှ ဖြည့်ဆည်းပေးနိုင်မည့်အခြေအနေ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဝယ်ယူဖြည့်ဆည်းပေးရမည့် ဆေးဝါးနှင့် ဆေးပစ္စည်းလိုအပ်ချက်များကို တင်ပြရန်လိုကြောင်း၊ ချင်းပြည်နယ်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် တင်ဒါခေါ်ယူ ပြီး တင်ဒါအောင်ကုမ္ပဏီများမှ ဝယ်ယူသည့်ဆေးဝါးနှင့် ဆေးပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်နိုင်ရေး ချိတ်ဆက်ဆောင်ရွက် ရန်လိုကြောင်း၊ ထန်တလန်မြို့နယ် ဇဲဖိုင်ကျေးရွာအတွက် လိုအပ်သည့် ဆေးဝါးပစ္စည်းများ ထောက်ပံ့ပေးရန်လိုကြောင်း၊ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ရာခိုင်နှုန်းပြည့်ထိုးနှံနိုင်ရေးနှင့် ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံနိုင်ရေးအတွက် စီမံချက်များရေးဆွဲရမည်ဖြစ်ကြောင်း၊ ဟားခါးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုနှုန်း သိသိသာသာ လျော့နည်းလာကြောင်း တွေ့ရသည့် အတွက်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အဘက်ဘက်မှ ဝိုင်းဝန်းဆောင်ရွက်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအားလုံး ကိုကျေးဇူးတင်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင် လျန်ဟုပ်လိန်းက ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်မှု၊ ဇဲဖိုင်ကျေးရွာအတွက် လိုအပ်သည့် အောက်ဆီဂျင် အိုးများပေးပို့မှု၊ ဇန်နဝါရီမှ ၁၃ နှင့် ၁၆ ရက်နေ့တို့တွင် ဟားခါးမြို့၌ Mask Campaign နှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လျာထားမှု၊ ဇာထာရ်ကျေးရွာနှင့် ဘွင်လုံးကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါ RDT Test-Kit ဖြင့် ရှာဖွေ စစ်ဆေးရန်နှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် ကွင်းဆင်းဆောင်ရွက် မည့် အစီအမံနှင့် လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသဆေးများ ထောက်ပံ့ပေး နိုင်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ဆက်လက်ထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များ၊ ဗီနိုင်းများ ဖြန့်ဝေမှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုစာရင်းဇယားများ ရေးသွင်းရာတွင် အချက်အလက်မှန်ကန်ရေး၊ ပလက်ဝမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိုးနှံပေးနေမှုနှင့် ဆက်လက်ထိုးနှံနိုင်ရေး အစီအမံတောင်းခံရန်ကိစ္စ၊ အလှူရှင်များ၏ လှူဒါန်းငွေဖြင့် ဝယ်ယူ သည့် အောက်ဆီဂျင်အိုးများ ရောက်ရှိပါက ဟားခါးပြည်သူ့ဆေးရုံကြီးသို့ စနစ်တကျ လွှဲပြောင်းရေးနှင့် Mask Campaign နှင့် ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ရေးတို့ကို အကြံပြုဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)