ယမန်နေ့က ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဟွန်ဆန် မြန်မာနိုင်ငံကို လာရောက်မယ်ဆိုကတည်းက မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်အဖွဲ့တွေဖြစ်တဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်အဖွဲ့ကို အားပေးထောက်ခံသူတွေက သရုပ်ပျက် ကန့်ကွက်မှုတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြတဲ့ အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ အဆိုပါအကြမ်းဖက်အဖွဲ့ကို ထောက်ခံသူတွေရဲ့ လုပ်ရပ်တွေဟာ အောက်တန်းကျတဲ့ လုပ်ရပ်တွေဆိုတာကိုတော့ အထူးပြောဖို့တောင် လိုမယ်မထင်ပါဘူး။ သူတို့မလိုလားတာနဲ့ပဲ အကြောင်း၊ အကျိုးကို မဆင်ခြင်ဘဲ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ရုပ်ပုံတွေကို ခြေထောက်နဲ့ တက်နင်း၊ မီးရှို့ အစရှိတဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေနဲ့ ဆန့်ကျင်ကြပါတယ်။ သူတို့ကိုယ် သူတို့ ဘယ်လောက်အထိ အောက်တန်းကျတယ်ဆိုတာကို တိုင်းသိ ပြည်သိ ဖြစ်ရုံတင် မဟုတ်ဘူး။ ကမ္ဘာကပါ သိစေချင်ကြတဲ့သူတွေဖြစ်တယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း သရုပ်ပျက်ကန့်ကွက်မှုတွေကို လုပ်ခဲ့ကြသူတွေကတော့ အကြမ်းဖက်အဖွဲ့အစည်းကို ထောက်ခံအားပေးသူများသာ ဖြစ်ပါတယ်။ မြန်မာ့ယာဉ်ကျေးမှုနဲ့ မလျှော်ညီတဲ့အလုပ်တွေကို မြန်မာတိုင်းရင်းသားတွေရဲ့ အသိစိတ်နဲ့ လုပ်ခဲ့ကြတာ မဟုတ်ပါဘူး။ အရိုင်းအစိုင်း အနောက်အုပ်စုရဲ့ လွှမ်းမိုးမှု၊ မှိုင်းတိုက်မှုခံထားရသူတွေရဲ့ သရုပ်ပျက် လုပ်ရပ်တွေအဖြစ် သိရှိနားလည်စေဖို့ ကမ္ဘောဒီးယားပြည်သူများကို အရိုင်းအစိုင်းများရဲ့ ကိုယ်စား စာရေးသူအနေနဲ့ တောင်းပန်ချင်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ Facebook စာမျက်နှာအောက်မှာ သွားပြီး သူတို့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေနဲ့ မှတ်ချက်သွားပေးတာမျိုးတွေနဲ့ ဆန့်ကျင်ကြပါသေးတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဒီလို ကန့်ကွက်မှုတွေကြားက မြန်မာပြည်ကို အရောက်လာခဲ့တယ်ဆိုတာက သူသည် အကြမ်းဖက်အားပေးသူ မဟုတ်ကြောင်းကို ရဲရဲဝံ့ဝံ့ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အကြမ်းဖက် ဝါဒီတွေနဲ့ တည်ငြိမ်အေးချမ်းမှု လိုလားတဲ့ ပြည်သူတွေကို ခွဲခြားမြင်တတ်သူလည်း ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်ကို မလာစေချင်ရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ မဆက်ဆံစေချင်ရင် အကြောင်း၊ အကျိုးကို ခိုင်လုံစွာရှင်းပြပြောဆိုတဲ့ မှတ်ချက်တွေပေးရမယ်။ ဘာကြောင့် မလာသင့်တာလဲ ဆိုတဲ့ အမှန်တရားကို ပြောပြတတ်ရမယ်။ ပြောပြရဲရမယ်။ အခုဖြစ်ပုံက ကမ္ဘောဒီးယားဝန်ကြီးချုပ်အား မြန်မာပြည်ကို မလာစေချင်တဲ့သူတွေက အကြောင်း၊ အကျိုးကို မပြဆိုနိုင်ဘဲ သူတို့သည် အကြမ်းဖက်ဝါဒီတွေ အရိုင်းအစိုင်းတွေဖြစ်ကြောင်းကို သူတို့ရဲ့ လုပ်ရပ်တွေနဲ့ သက်သေပြလိုက်တဲ့ အတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ အကြမ်းဖက်အားပေးသူမဟုတ်ကြောင်း အထင်အရှား ပြသတဲ့အနေနဲ့ မြန်မာပြည်ကို ရောက်ရှိလာခဲ့ပါတယ်။
အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အဖွဲ့တွေဟာ သူတို့ကို ထောက်ခံသူတွေကို သရုပ်ပျက်၊ အရိုင်းအစိုင်း လုပ်ရပ်တွေနဲ့ လုပ်ခိုင်းတာ မအောင်မြင်တဲ့အခါ သူတို့ကိုယ်တိုင် ထုတ်ပြန် ကန့်ကွက်မှုတွေ လုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။
အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းထားတဲ့ CRPH အကြမ်းဖက်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဆိုရင် “၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ စ၍ မြန်မာပြည်သူများအပေါ်၌ လူမဆန်သော အကြမ်းဖက်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ၎င်းတို့အာဏာတည်မြဲရေးအတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့် ၂၀၂၂ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေဖြင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဒီမိုကရေစီအတွက် ကြိုးပမ်းအားထုတ်မှုများကို လေးစားလိုက်နာရန် တိုက်တွန်းပါသည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
တပ်မတော်ခေါင်းဆောင်တွေက သူတို့ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသလို လူမဆန်သော အကြမ်းဖက်မှုတွေကို လုပ်နေကြတာ မဟုတ်ဘဲ သူတို့ကိုယ်တိုင်က လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တာကို အမှန်အတိုင်း ထည့်သွင်းရေးသားဖော်ပြမယ်ဆိုရင်တော့ လက်ခံနိုင်ဖွယ် ရှိပါတယ်။ တပ်မတော်က အာဏာဘာကြောင့်ထိန့်ရသလဲ။ ကျွန်တော်/ ကျွန်မတို့ရဲ့ မဲလိမ် မဲခိုးမှုတွေကို အကြောင်းပြုပြီး တပ်မတော်က အာဏာကို ရယူသွားခဲ့ပါတယ်လို့ အမှန်တရားကို အခြေခံပြီး ပြောရင် လက်ခံနိုင်ဖွယ် ရှိပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်ဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တပ်မတော်က ကျူးလွန်ပါတယ်လို့ ပြစ်တင်ပုံချထားရာ ရောက်နေပါတယ်။သူတို့ရဲ့ ထုတ်ပြန်ချက်ကို ပြောင်းပြန်သဘော နားလည်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းလိုက်တဲ့ CRPH, NUG, PDF အကြမ်းဖက်သမားတွေဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ စတင်ပြီး ယနေ့အထိ အပြစ်မဲ့ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ ဆရာမ၊ အစိုးရဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်နေခဲ့တာ အရေအတွက်အားဖြင့် ၁၅၀၀ ကျော်အထိ သေဆုံးခဲ့ရတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ကြပြီး ဖြစ်ပါတယ်။ အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းလိုက်တဲ့ CRPH က အထက်ပါအတိုင်း ထုတ်ပြန်သလို CRPH ကနေ ထပ်ဆင့်ဖွဲ့စည်းလိုက်တဲ့ NUG အကြမ်းဖက်အဖွဲ့ကလည်း အလားတူ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
မြန်မာတိုင်းရင်းသား ပြည်သူများအပေါ် ရက်စက်ယုတ်မာစွာ ရာဇဝတ်မှု ကျူးလွန်ပြီး အနောက်အုပ်စုရဲ့ အထောက်အပံ့နဲ့ ကြီးပွားချမ်းသာနေကြသူတွေက တပ်မတော်အပေါ် သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ပြစ်တင် ပုံချလိုက်တော့တာပါပဲ။
ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာနိုင်ငံလာရောက်ခြင်းဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေး၊ ဘာသာ သာသနာတိုးတက်ရေး၊ စီးပွားရေးအတွက် အပြန်အလှန်အကျိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်တာကိုတော့ ငြင်းလို့မရပါဘူး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် တွေ့ဆုံမှုအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ နှစ်နိုင်ငံ အပြန်အလှန်ကူညီဆောင်ရွက်မှုများရှိပြီး မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံ အတွက် ကိုဗစ် -၁၉ ကာကွယ်ဆေးလှူဒါန်းပေးခဲ့မှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကိုလည်း ကာကွယ် ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံမှ ရဟန်းတော်များနှင့် သီလရှင်များ၊ ကမ္ဘောဒီးယားနိုင်ငံသား များကိုလည်း လိုအပ်သည့်အကူအညီများ ကူညီဆောင်ရွက်ပေးရန်အတွက် ပြောကြား လိုကြောင်း၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက်အခွန် ကောက်ခံမှုများလျှော့ချနိုင်ရေး အမြန်ဆုံးသဘောတူ ညီမှုရရှိလိုပါကြောင်း၊ ပညာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုနှင့်ပတ်သက်၍လည်း စီမံချက်အသစ်ပြန်လည်ရေး ဆွဲနိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ ခရီးသွားလုပ်ငန်း နှင့်ပတ်သက်၍ ပုဂံဒေသနှင့် ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်မှုအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်မှုများ ဆောင်ရွက်နိုင်သည့် အချိန်တွင် လေကြောင်းလိုင်း များအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လိုကြောင်းဖြင့် ဆွေးနွေး ပြောကြားခဲ့ပါတယ်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ၂၀၂၂ ခုနှစ် နှစ်ဦးကာလတွင် အဆွေတော်၏ချစ်ကြည်ရေးခရီးလာရောက်မှုမှာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုခိုင်မာစေပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများ အကြား မူဝါဒရေးရာပူးပေါင်းဆောင်ရွက်မှုများအတွက် နားလည်မှုသဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် အခွင့်အခါသင့်ပါကနှစ်နိုင်ငံ ဝန်ကြီးဌာနများအကြားဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အတွင်း ကိုဗစ် – ၁၉ ထိန်းချုပ်နိုင်မှုနှင့် ကမ္ဘောဒီးယား နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေး အတွက် သုံးနှစ်စီမံချက်ဖြင့် ဆောင်ရွက်နိုင်ခဲ့မှုများအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင် အခွန်နှစ်ထပ် ကောက်ခံမှုလျှော့ချနိုင်ရေး သဘောတူလက်မှတ် ရေးထိုးနိုင်ရေးဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးမြှင့်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပြီး ကိုဗစ် ရောဂါကူးစက်မှုကိုအထိုက်အလျောက် ထိန်းချုပ်နိုင်သည့် အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကမ္ဘောဒီးယား နိုင်ငံနှင့် လေကြောင်းသွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်နှစ်ဦးရဲ့ တွေ့ဆုံမှုအပြီးမှာ သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် ကမ္ဘောဒီးယားဘုန်းတော်ကြီးနှင့် သီလရှင် ၂၄၉ ပါးကို ၁၉၉၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံရှိ ဗုဒ္ဓသာသနာပြု တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ပေးအပ်နိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် ကျေနပ် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာ-ကမ္ဘောဒီးယား ဘုန်းတော်ကြီးကျောင်းကိုလည်း ရန်ကုန်မြို့တွင် ဖွင့်လှစ်နိုင်ပြီးဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ဗုဒ္ဓဘာသာတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင်လည်း ကမ္ဘောဒီးယား ဘုန်းတော်ကြီးတစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးကို သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်ကို အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၇-၂၀၂၁ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အတွက် သဘောတူလက်မှတ်ရေးထိုးထားမှုကို သက်တမ်းတိုးမြှင့်နိုင်ရေး ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲခေါင် မြစ်ဝှမ်းဒေသ နိုင်ငံများအနေဖြင့် စည်းလုံးမှုရှိရန်လိုကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် နိုင်ငံတကာမျက်နှာစာနှင့် အာဆီယံမျက်နှာစာတို့တွင် မြန်မာနိုင်ငံဘက်မှ အပြုသဘောဆောင် ရပ်တည်ထောက်ခံပေးမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ဒေသအတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတာဝန်ယူချိန် ကာလ အတွင်း အကျဉ်းသား ၄၈၀၀၀ ကျော်ကိုပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ ပြီးဖြစ်ပြီး သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးအတွက် အဆွေတော်၏ စိတ်ဓာတ်ပြင်းပြမှုနှင့် ကြိုးပမ်း ဆောင်ရွက်လိုမှုများအပေါ် မိမိအနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိအနေဖြင့် ယခုနှစ်ကိုငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ထားပါကြောင်း၊ အဆွေတော် ၏ အထူးကိုယ်စားလှယ်မှ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်မည့်အပေါ် မိမိအနေဖြင့်ကြိုဆိုပါကြောင်း၊ ယနေ့ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ တွင် နှစ်နိုင်ငံနှင့် ဒေသတွင်းကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးနိုင်ခဲ့မှုအပေါ် ကျေနပ်မိပါကြောင်းဖြင့်ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာ အကြမ်းဖက်ပါတီ NLD က ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့ကို ထောက်ခံသူတွေ ကန့်ကွက်နေတဲ့ကြားက မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးအတွက်သာမက ဘာသာ သာသနာအတွက်ပါ အကျိုးရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့အတွက် အနောက်အုပ်စုရဲ့ ငွေကြေး၊ လက်နက် ထောက်ပံ့ပေးမှုနဲ့ တိုင်းရင်းသား ပြည်သူများအပေါ် လူသားမဆန်တဲ့ ရာရဇဝတ်မှုတွေ ကျူးလွန်နေကြတဲ့ သူတွေရဲ့ အသည်းကို အပ်နဲ့စွခဲ့သလို ဖြစ်ခဲ့တာတော့ အမှန်ပါပဲ။
ဒီအပေါ်မှာ သင်ခန်းစာယူတတ်မယ်ဆိုရင် နိုင်ငံရေးဆိုတာ သရုပ်ပျက်၊ ရိုင်းစိုင်းစော်ကားသူတွေကို အကြမ်းဖက်ဝါဒီတွေအဖြစ်သာ မှတ်တမ်းဝင်သွားတယ်ဆိုတာကိုတော့ အကြမ်းဖက်ပါတီ NLD ကို ထောက်ခံသူတွေ သတိပြု ဆင်ခြင်ပြီး သင်ခန်းစာယူသင့်ပါကြောင်း။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment