ချောင်းဦးမြို့နယ်၊ ကမ္မကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဌမနှစ်စက်ဝန်း ရန်ပုံငွေထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောင်းဦးမြို့နယ်၊ ကမ္မကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဌမနှစ်စက်ဝန်း ရန်ပုံငွေထုတ်ပေး



MNP -  ဇန်နဝါရီ    ၆

 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့၌ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးကို စဉ်ဆက်မပြတ်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ငါးယှန် ကျေးရွာအုပ်စု၊ ကမ္မကျေးရွာတွင် ဆဌမနှစ်စက်ဝန်း မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ် ၅၇၄၄၀၀၀၀/-ကို  ဇန်နဝါလ  ၆ ရက်နံနက် ၁၀ နာရီ အချိန်က ငါးယှန်ကျေးရွာအုပ်စု၊ ကမ္မကျေးရွာမြစိမ်းရောင် စီမံကိန်းကျေးရွာ ကော်မတီဥက္ကဌနေအိမ်တွင် ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ်ချေးပေးအပ် ခဲ့ကြောင်းသိရသည်။

 ''ချောင်းဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အရင်းမပျောက် မတည်လည်ပတ်ရန်ပုံငွေ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ် မှစတင်၍ စီမံကိန်း ယူနစ်(၂၆)ယူနစ်ကို ကျေးရွာ (၂၉) ရွာတွင်အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိရာ ၎င်းကျေးရွာ များအနက်မှ ကမ္မကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးရွာဖြစ်ပြီး ဆဌမနှစ်စက်ဝန်း အဖြစ်စိုက်ပျိုးရေးလုပ်ငန်း ၉၆ ဦး အားငွေကျပ် ၃၇၃၀၀၀၀၀/-၊ မွေးမြူရေးလုပ်ငန်း ၄၉ ဦးအား ငွေကျပ် ၁၆၆၆၀၀၀၀/-၊ ရောင်းဝယ်ရေးလုပ်ငန်း ၇ ဦးအား ငွေကျပ် ၃၄၈၀၀၀၀/- စုစုပေါင်း အသင်းသား ၁၅၂ ဦးအား ငွေကျပ် ၅၇၄၄၀၀၀၀/-ကို ယနေ့ ထုတ်ချေးပေးခဲ့ပါကြောင်းနှင့် မိမိတို့မြို့နယ်အတွင်းရှိ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျှက်ရှိသည့် ကျေးရွာများမှ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာအတွက် အဓိကလိုအပ်သော လုပ်ငန်းများကို ရွေးချယ်ဆောင်ပေး နိုင်ရန်အတွက် ကျေးရွာမြစိမ်းရောင်ကော်မတီ၊ ကျေးရွာသူ / သားများ ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း "" မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်စိုးစံက ပြောကြားခဲ့သည်။

သတင်း - အိအိအောင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)